အင်တာနက်မှာ စက္ကန့်ခြောက်ဆယ် တိုင်း ဘာတွေ ဖြစ်ပျက် နေသလဲ....

Saturday, August 20, 2011

-Google တွင် ရှာ ဖွေ မှု ပေါင်း ၆၉၄၄၄၅ ရှာ ဖွေ ကြ သည်။
-Flickr ဓါတ်ပုံ ဝက်ဘ် ဆိုက် သို့ ပုံပေါင်း ၆၆၀ဝ Upload လုပ်ကြသည်။
-Youtube သို့ ဗီဒီယို ၆၀ဝ ကျော်လွှင့်တင်ကြသည်။
-Facebook ဝက်ဘ်ဆိုက်တွင် Status Updates ၆၉၅၀ဝ၀Wallpost -၇၉၃၆၄ နှင့် Comments ၅၁၀ဝ၄၀ ရေးသားကြသည်။
-Domain အသစ် ၇၀ ကျော် မှတ်ပုံတင်သည်။
-အီးမေးလ် ၁၆၈၀ဝ၀ဝ၀ဝ ပို့လွှတ်ကြသည်။
-Twitter တွင် အကောင့်သစ် ၃၂၀ နှင့် ရေးသားမှု ၉၈၀ဝ၀ ပြု လုပ်ကြသည်။
-iPhone Application ပေါင်း ၁၃၀ဝ၀ ကျော် Download လုပ်သည်။
-Tumblr Block တွင် ပို့စ်အသစ် ၂၀ဝ၀ဝ ကျော်ရေးသားကြသည်။
-FireFox Browser ၁၇၀ဝ၀ ကျော်ကို Download လုပ်ကြသည်။
-Wordpress ကို အကြိမ် ၅၀ ကျော် Download လုပ်ကြသည်။
-Wordpress Plugin ၁၂၅ ခုကို Download လုပ်ကြသည်။
-Networking ဆိုက် Linkedin တွင် အကောင့် ၁၀ဝ ကျော်ပြုလုပ် ကြသည်။
-Yahooanswers.com သို့ မေးခွန်း ၄၀ ကျော်မေးမြန်းကြသည်။
-answers.com သို့ မေးခွန်း ၁၀ဝ ကျော် မေးမြန်းကြသည်။
-သတင်းဝက်ဘ်ဆိုက်များတွင် ဆောင်းပါးတစ်ပုဒ်တင်သည်။
-Urban Dictionary.com တွင် စကားလုံးသစ်တစ်လုံးတိုးသည်။
-Craigslist တွင် ကြော်ငြာ ၁၂၀ဝ တက်သည်။
-Skype အသုံးပြုသူများက မိနစ်ပေါင်း ၃၇၀ဝ၀ဝ ကျော် စကား ပြောဆိုကြသည်။
-Internet Radio Pandora မှ သီချင်းများကို ၁၃၀ဝ၀ နာရီအထိ နားဆင်ကြသည်။
-Online စာကြည့်တိုက်Scribd မှာ အကြောင်းအရာ ၁၆၀ဝ ကို ဖတ်ကြသည်။

(New Business Journal  မှကူးယူတင်ပြခြင်းဖြစ်ပါတယ်)

flash movie maker ..

Sunday, August 7, 2011

သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ညာ
မိမိဓာတ်ပုံလေးတွေနဲ့ဖလတ်သီချင်းလေးတွေလုပ်ချင်ကြရင်
ကျနော်သိသလောက်လေးရေးပြီးတင်ပေးလိုက်ပါတယ်
လုပ်ကြည့်ချင်တယ်ဆိုရင်တော့ဒီအောက်မှာဆော့ဝဲလေးဒေါင်းယူလိုက်ပါ
ဆိုက်နှစ်ခုကိုတင်ပေးထားပါတယ်အစဉ်ပြေမည့်နေရာမှာဒေါင်းလိုက်ပါ
install လုပ်စရာမလိုပါဘူး


အဆင့်(၁) size and sound မှာကလစ်နှိပ်လိုက်ပါ
အဆင့်(၂)  width မှာ 1000  Height မှာ 800 လောက်ထားလိုက်ပါ
အဆင့်(၃) နံပါတ်(၃)နေရာအ၀ိုင်းလေးထဲကို အမှန်ခြစ်လေးခြစ်ပေးပါ
အဆင့်(၄) Browse မှာကလစ်နှိပ်ပြီး သီချင်းတစ်ပုဒ်ထည့်လိုက်ပါ




နောက်ခံအတွက်ပါ ကာလာနှင့်ထည့်ချင်လားဓာတ်ပုံနဲ့ထည့်ချင်လား
နှစ်မျိုးရှိပါတယ်.. Background ဆိုတဲ့နေရာမှာကလစ်လုပ်လိုက်ပါ
နောက်ခံကို ကာလာနဲ့ထည့်ချင်တယ်ဆိုရင် အနီဝိုင်းအသေးလေးထဲကို
ကလစ်နှိပ်ပြီးအပြောက်လေး(ဟီးးဘာပြောရမလည်း) အဆက်လေးလုပ်လိုက်ပါ
နောက်ပြီး အနီအ၀ိုင်းကြီးပြထားတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့အရောင်နှစ်မျိုးရွေးလိုက်ပါ
နောက်ခံကိုဓာတ်ပုံနဲ့ထည့်ချင်ရင်တော့
အပြာရောင်အ၀ိုင်းလေးထဲကိုအမှန်ခြစ်လေးခြစ်ပေးပါ
နောက်ပြီး Add နေရာမှာကလစ်နှိပ်ပြီးပုံထည့်လိုက်ပါ
နောက်ပြီးအောက်မှာမြင်နေရတဲ့ လေးထောင့်အကွက်ထဲမှာကြည့်လိုက်ပါ
ဓာတ်ပုံကိုဘယ်လိုပုံစံနဲ့ထားချင်းလည်းကိုယ့်စိတ်ကြိုက်ကြည့်လိုက်ပါ
ဟိုအောက်မှာပြထားတဲ့ဖလတ်စောင်းထဲကအတိုင်းလုပ်ချင်ရင်တော့
နံပါတ်(၃)နေရာမှာ Tile ကိုထားလိုက်ရင်ပုံတစ်ပုံထဲနဲ့အများကြီးဖြစ်သွားမှာပါ




ဒီမှာတော့ စာရေးပြီးထည့်ချင်ရင်..ဓာတ်ပုံတွေ ဟိုပြေးဒီပြေး ဂျွန်းထိုးနေတာမျိုးတွေ
လုပ်ချင်ရင်တော့
Text and image မှာကလစ်နှိပ်လိုက်ပါ
ပြီးရင်အနီရောင်လေးထောင့်ကွက်ထဲကစာတွေကိုအရင်ဖျက်လိုက်ပါ
မျှားပြထားတဲ့အနီရောင်ကြက်ခြေခတ်လေးကိုကလစ်လုပ်ပြီးဖျက်လိုက်ပါ
အဲ့စာတွေကိုမသိလို့မဖျက်ပဲထားရင်အဲ့စာတွေကရှုပ်နေတာလေ
စာတွေဖျက်ပြီးရင်အောက်မှာဆက်ကြည့်လိုက်ပါ




ဓာတ်ပုံတွေကိုအရင်ထည့်ပါ့မယ် ကိုထည့်ချင်သလောက်သာထည့်လိုက်တော့
Add image မှာကလစ်နှိပ်ပြီးပုံထည့်လိုက်ပါ..တစ်ပုံချင်းပဲထည့်လို့ရမှာနော်
အပြာရောလေးထောင့်ကွက်ထဲကိုကြည့်လိုက်ပါ
အဲနေရာမှာဘယ်လိုပုံစံမျိုးထားချင်လည်းကြည်လိုက်ပါ
ဦးစွာပထမတော့  Center မှာပဲထားလိုက်ပါ
ကိုယ်ထည့်လိုက်တဲ့ပုံကအကြီးကြီးဖြစ်နေရတော့ မျှားပြထားတဲ့နေရာက
နံပါတ်လေးတွေကိုပြောင်းပေးပါ  ဆက်လျှောက်အောက်ပုံ




ဒီနေရာမှာလည်းပုံတွေကိုဘယ်လိုမျိုးလုပ်ချင်လည်းနောက်မှကြည့်တော့
ကျနြော်ပထားတာလေးပဲအရင်လုပ်ကြည့်လိုက်ပါ
ပုံတွေအတွက် Effect ထည့်ဖို့အတွက် Effect မှာကလစ်နှိပ်လိုက်ပါ
အောက်မှာကြည့်လိုက်ပါ လေးမျိုးရှိပါတယ်
Fly ဆိုတာလေးကိုကလစ်နှိပ်ပြီး အဆက်လေးလုပ်လိုက်ပါ
ပြီးရင်..အင်းဒီနေရာတော်တော်ရှုပ်တယ်
အောက်မှာတင်ထားတဲ့ဖလတ်စောင်းလေးထဲကအတိုင်းပဲပြောပြမယ်နော်
ကြံတာတော့နောက်မှပဲလုပ်ကြည့်ကြပေါ့နော်
ဟုတ်ကဲ့ Fly ဆိုတဲ့နေရာမှာအဆက်လေးလုပ်လိုက်ပါ
ပြီးရင်ပုံအ၀င်အထွက်လေးတွေကို အပြာရောင်လေးထောင့်ကွက်ထဲကြည့်လိုက်ပါ
အပေါ်က Fly in form left ဆိုရင်ဘယ်ဘက်နေထွက်လာမယ်
အောက်က Fly out to top ဆိုရင် အပေါ်ကိုတက်သွားမယ်
ပုံလေးက ဘယ်ဘက်ကနေထွက်လာပြီးအလယ်ရောက်တာနဲ့
အပေါ်ကိုတက်သွားပါ့မယ် အဲတာတွေမလုပ်ပဲထားရင်တော့
ဘယ်ဘက်ကနေထွက်လာပြီးဘယ်ဘက်ကိုပြန်ဝင်သွားပါတယ်
ပုံတွေအများကြီးထည့်ရင် အဲနေရာလေးမှာအမျိုးမျိုးပြောင်းပေးလိုက်ပေါ့နော်..ဟီးး




ဒီနေရာမှာတော့ Effect တွေအများကြီးရှိပါတယ်ကိုယ်ကြိုက်တဲ့ဟာလေးကို
ကလစ်နှိပ်ကြည့်လိုက်ပါ
မျှားပြထားတဲ့နေရာမှာတော့ ကိုယ်လုပ်လိုက်တဲ့ Effect တွေအများကြီးရချင်ရင်
အပေါ်ဆုံးကနံပါတ်လေးကိုပြောင်းပေးပါ
အောက်ပဟာလေးတွေကတော့ Effect အရောင်းလေးတွေပြောင်းတဲ့ဟာပါ
ကိုယ်ကြိုက်တဲ့အရောင်းလိုက်ပေါ့နော်.....



ဒါကတော့ကိုယ်ထည့်လိုက်တဲ့ဓာတ်ပုံလေးတွေကို Link တွေချိတ်ချင်ရင်ပေါ့
 Link တွေချိတ်တာကိုမသိရင် အောက်မှာတင်ထားတဲ့ဖလတ်စောင်းထဲက
ပုံလေးတွေ..စာလေးတွေကလစ်နှိပ်ကြည့်လိုက်ပါ..အခြားတစ်နေရာရောက်သွားပါ့မယ်
အဲလိုမျိုးတွေလုပ်ချင်ရင်ဆက်ကြည့်လိုက်ပါ..မလုပ်ချင်သူများတော့
ဒါကိုကျော်သွာလိုက်ပါ...ဟိုအောက်မှာကြည်လိုက်ပါ
Linkချိတ်ချင်သူများကတော့စမယ်ပေါ့နော်
 Web link ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
ပြီးရင်အပြာရောင်အ၀ိုင်းလေးပြထားတဲ့နေရာလေးမှာအဆက်လေးလုပ်လိုက်ပါ
အနီရောင်အ၀ိုင်းပြထားတဲ့နေရာလေးမှာလည်းအဆက်လေးလုပ်လိုက်ပါ
အဲနေရာမှာတော့နားတော့မလည်းဘူး..မလလုပ်လည်းရပါတယ်
အပြာရောင်လေးထောင့်ကွက်ထဲမှာကြည့်လိုက်ပါ
အပေါ်ကအကွက်ထဲမှာ _blank ကိုထားပါ
အောက်ကအကွက်ထဲကို ကိုယ်ချိတ်မည့် link ကိုထည့်လိုကပါ
ဒါဆိုရင်ပုံနဲ့ link ချိတ်ပြီးပေါ့နော်




ဒါကတော့စာတန်းစာကြောင်းစာလုံးထည့်ချင်ရင်တော့
Add text ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
အခုမြင်နေရတဲ့အကွက်လေးထွက်လာပါမယ်
အဲအကွက်ထဲကိုစာရေးရမှာပါအဲထဲမှာရေးရင်တော့မြင်နေရတဲ့အတိုင်းပါပဲ
တစ်နေရာရာမှာရေးပြီး copy ကူးပြီးထည့်လိုက်ပါ
ပြီးရင် okလုပ်လိုက်ပါ



ဒီနေရာမှာတော့ ဟိုအောက်ကအနီရောင် Tiဆိုတဲ့အ၀ိုင်းလေးကိုကလစ်နှိပ်လိုက်ပါ
ပြီးရင် font နေရာမှာ zawgyi.one ကိုထားလိုက်ပါ
အနီရောင်မျှားပြထားတာက font ဆိုက်ကြီးသေးလုပ်တာပါ
အပြာရောင်မျှားပြထားတဲ့နေရာမှာက စာလုံးအရောင်ပါ
ပထမနေရာက စာလုံးအရောင်ပါ..ဒုတိယနေရာက နှစ်ထပ်အရောင်ပေါ်အောင်လုပ်တာပါ
နှစ်ထပ်အရောင်ပေါ်ချင်ရင်တော့အပြာဝိုင်းလေးပြထားတဲ့နေရာမှာ 2..3..4 ကြိုက်ရာထားလိုက်ပါ
zawgyi ဖေါင့်ပြောင်းတဲ့နေရာမှာနဲနဲတော့ခက်တယ်ဗျ တစ်ခါတန်းပြီးပေါ်မလာဘူး
အဲတာကိုစိတ်ရှည်လက်ရှည်နဲ့ ဖျက်လိုက်ပြန်ထည့်လိုက်လုပ်ပေးပါ
ကျနော်တော့အဲပဲလုပ်နေ၇တာ..ပြီးရင် ok လုပ်လိုက်ပါ



ဒါကတော့ စာတန်းလေးတွေအတွက် Effect ထည့်ရပါမယ်
ကိုယ်ကြိုက်ရာကလစ်နှိပ်ကြည့်ပြီးလုပ်ကြည့်လိုက်ပါ


ဒါကတော့စာတန်းလေးတွေနေရာချပေးရမယ်ဟာပါ
position ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
အနီရောင်အ၀ိုင်းလေးကဟာကို အဆက်လေးလုပ်လိုက်ပါ
ပြီးရင် အပြာရောင်လေးထောင့်ကွက်ထဲကနေရာလေးတွေမှာ
နံပါတ်လေးတွေပြောင်းပြီးစာတန်းလေးရွှေ့ပေးလိုက်ပါ
left ဆိုတဲ့နေရာမှာနံပါတ်လေးတွေများပေးရင် ညာဘက်ကိုရွေ့သွားပါတယ်
top ဆိုတဲ့နေရာမှာနံပါတ်လေးတွေများပေးရင်အောင်ကရွေ့သွားပါတယ်
အောက်မှာတင်ထားတဲ့ဖလတ်စောင်းထဲကအတိုင်းဖြစ်အောင်တော့
ဒီလိုနံပါတ်လေးတွေနဲ့ရွှေ့ပေးရပါတယ်





ဒါကတော့စာနဲ့ link ချိတ်ချင်ရင်ပေါ့အပေါ်မှာပြောခဲ့သလိုပါပဲ
အနီရောင်အ၀ိုင်းလေးတွေထဲကဟာလေးကိုအဆက်လေးလုပ်ပေးလိုက်ပါ
ပြီး၇င်အပြာရောင်အကွက်ထဲက အပေါ်နေရာမှာ _blank ကိုထားပါ
အောက်ကအကွက်ထဲကိုကိုယ်ချိတ်ချင်တဲ့ link ကိုထည့်လိုက်ပါ
 link မချိတ်ချင်သူများကတော့အောက်ကိုပဲကျော်ကြည့်လိုက်ပါ


စာနဲ့ link ချိတ်ရင်ဒီနေရာလေးပိုလာတယ်ခင်ညာ
အ၀ိုင်းပြထားတဲ့နေရာလေးတွေမှာအမှန်ခြစ်လေးတွေခြစ်ပေးလိုက်ပါ
ခြစ်မပေးရင်လေ မှိတ်တုတ်မှိတ်တုတ်နဲ့နေပါတယ်ခင်ညာ
ဒါကတော့ LINK ချိတ်ချင်သူတွေပဲလုပ်ပါ



အားလုံးအိုကေပြီဆိုရင် သိမ်းမယ် save မယ်ပေါ့နော်
အောက်မှာရှိတဲ့ Publish ဆိုတာလေးကိုအရင်ကလစ်နှိပ်လိုက်ပါ
ပြီးရင်အပေါ်က Publish ကိုထပ်ကလစ်နှိပ်လိုက်ပါ




ဒီနေရာမှာတော့အပေါ်ဆုံးနေရာမှာအဆက်လေးလုပ်လိုက်ပါ
ပြီးရင် ok  လုပ်လိုက်ပါ





ဒီနေရာမှာတော့ အပေါ်ကအကွက်လေးထဲမှာ နာမည်လေးတစ်ခုခုရေးလိုက်ပါ
အောကျကအကွက်လေထဲမှာတော့ Flash movie(swf) ထားလိုက်ပါ
ပြီးရင် save ကိုပဲကလစ်နှိပ်လိုက်ပါ



ဒီလိုမျိုးတွေပေါ်လာရင် သိမ်းစည်းပြီးပါပြီခင်ညာ


နမူနာလုပ်ပြထားတဲ့ဖလတ်သီချင်းတွေပါ
ပုံလေးတွေအပေါ်ကိုကလစ်နှိပ်ကြည့်လိုက်ရင်တခြားနေရာရောက်သွားပါတယ်
လင့်တွေကိုပုံနဲ့ပဲချိတ်ချိတ်စာနဲ့ပဲချိတ်ချိတ် လုပ်လို့ရပါတယ်



                          အားလုံးအစဉ်ပြေနိုင်ကြပါစေ
             လိုအပ်ချက်တွေအများကြီးရှိနိုင်ပါတယ်ခင်ဗျာ
ကျနော်လည်းသိပ်ပြီးလည်းနားမလည်ပါဘူးကျနော်လုပ်တဲ့နည်းအတိုင်း
တင်ပေးလိုက်ပါတယ်..သီချင်းနဲ့စာသားနဲ့ဘယ်လိုညီအောင်လုပ်ရမယ်ဆိုတာတော့
ကျနော်လည်းမလုပ်တတ်ပါဘူးခင်ဗျာ .... ...ပစ်တိုင်းထောင်.............



 ပစ်တိုင်းထောင် ရေးသားခဲ့သော ဘလော့မှကူးယူတင်ပြခြင်းဖြစ်ပါသည်။။

၈၀၀ ဖုန်းတွေ မြန်မာစာ သုံးနိုင်ပြီ

Saturday, February 12, 2011

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်ဖုန်းအချို့မှာ မြန်မာစာဆော့ဖ်ဝဲလ်ကို အသုံးပြုလို့ရပြီလို့ သိရပါတယ်။ Andriod OS (Operating System) သုံးဖုန်းတွေမှာ မြန်မာစာဆော့ဖ်ဝဲလ်ကို အသုံးပြုလို့ရတာဖြစ်ပြီး ဇော်ဂျီဖောင့်ကို အသုံးပြုထားပါတယ်။ မိမိဖုန်းမှာ မြန်မာစာဆော့ဖ်ဝဲလ် ထည့်သွင်းထားရင် မက်ဆေ့ခ်ျပို့ရင် မြန်မာလို ပို့နိုင်ပြီး လက်ခံတဲ့ဖုန်းမှာ မြန်မာစာဆော့ဖ်ဝဲလ် ထည့်သွင်းထားရင် မြန်မာလိုပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ၈၀၀ မဂ္ဂါဟက်ဇ်ဖုန်းကို ဟန်းဆက်နဲ့ အင်တာနက် သုံးရင်လည်း ဂျီမေးလ်၊ ဂျီတော့ခ်၊ ဖေ့စ်ဘုတ်နဲ့ အခြား ဝက်ဘ်ဆိုက်တွေမှာ မြန်မာစာကို အသုံးပြု ဖတ်ရှုနိုင်ပါတယ်။ “ကျွန်တော်တို့ဆိုင်က ဝယ်သွားတဲ့ ဟန်းဆက်တွေ မြန်မာစာဆော့ဖ်ဝဲလ် ထည့်ချင်ရင် အခမဲ့ထည့်ပေးပါတယ်၊ အခြားဆိုင်က ဖုန်းတွေလာထည့်ရင် ထည့်ခပေးရမှာပါ”လို့ Anycall ဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်က ကိုကျော်ထူးက ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် မော်ဒန်သတင်း ဂျာနယ်တွင် ဖော်ပြထားပါသည်။

Repairing Memory Stick

Friday, February 11, 2011

Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။


ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။

Download Bootice (100KB)
http://db.tt/5h9XrtN
Download TestDisk (1.44MB)
http://db.tt/Nwmbws6


(ကိုသူရိန် သင်ခန်းစာ မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်)